K-Zee – Ordinary Lives (Official Visualizer)



Visionaire Club Presents
K-Zee – Ordinary Lifes (Prod. by Jerryx)

Music Produced by Jerryx
Mixed & Mastered by Jerryx
Guitar : Thawng Ling
Cajon : Shwe Kyi

Follow Jerryx :
Facebook :
IG :

Follow K-Zee :
Facebook :
IG :

Lyrics :

Verse 1 :
လူမှန်းသိကတည်းက ပုံသွင်းထားတဲ့စနစ်ဆိုးရဲ့
ကမ္ဘာလေးထဲနေရ
မင်းဝါသနာထက် လက်ရေးလှဖို့သာအဓိကစာမရေးဘဲမနေရ
အဲ့ပုံစံခွက်ထဲကနေရင့်ကျက်ဖို့အတွက်ကွာဝေးတဲ့အနေအထား
ဒါမေးဒါဖြေနဲ့ ကြီးပြင်းခဲ့တဲ့အတန်းတင်စာမေးပွဲတွေကြား
အဲ့အတွေးလွဲတွေအား ပြန်မေးခွန်းထုတ်တော့တန်းထဖြေကြမယ်
စာမလုပ်ရင်ချက်ချင်းပဲမင်းတို့လမ်းမှား၍သွားမယ်
အဲ့အတွေးတွေရိုက်ထည့် ဆယ်ကျော်သက်ထိအုပ်ထိန်းမှုအောက်စခန်းချနေရတဲ့
လူငယ်က ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်ဖို့အစွမ်းအစတွေအားနည်း … F**k

ခုလိုအခြေနေမျိုးမှာ ဘာသုံးစားရလဲ
အနာဂတ်ကလုံးဝမလှတဲ့အပြင် ဘဝကလုံးပါးပါး
လဲကျနေတဲ့စိတ်တွေပြန်ရုန်းထမရ
ဘဝအတွက်ဖြေဆိုနေရတဲ့စာမေးပွဲမှာ
ငါလက်ရေးတစ်လုံးမှမလှ
ဖြစ်ချင်တဲ့ဆန္ဒတွေအားလုံး သယ်ထမ်းလို့ရရင်
တတ်တဲ့ပညာအနည်းအကျဉ်းနဲ့ ခြေလှမ်းတွေရှယ်လှမ်းလို့သွားချင်လည်း
လူငယ်ဘဝရဲ့ ၃ ပုံ ၂ ပုံ လောက်မှာ ၁၀တန်းကိုဘဝထင်ခဲ့သမျှ
လက်တွေ့ဘဝထဲခြေဆင်းလာခဲ့ပြီအခု
တကယ်တမ်းဘယ်လိုစတင်မလဲ…Tell Me!

Cho :
ဒီငြီးငွေ့စရာကောင်းတဲ့ ခရီးလမ်းရဲ့အဆုံးက
အိပ်မက်မှတ်တိုင်လေးကိုရောက်ရင် ကျွန်တော့်ကိုနှိုးပါ
ငါမမြင်ချင်တဲ့ဒီဘေးနှစ်ဖက်ရှုခင်းတွေအားရုတ်တရက်
မကြုံနိုင်အောင်မျက်လုံးတို့မှိတ်ခဏတာနှုတ်ဆက်
ဆန္ဒနဲ့ဘဝ တစ်သားတည်းကျဖို့အတွက်အကျပ်ရိုက်နေ
မွန်းကြပ်မှုတို့မောင်းနှင်သမျှ
ငါလိုက်ပါဆက်တိုက်တွေ ဝှက်ဖဲများအထာ တစ်ဆက်ထဲကျတဲ့
အခက်အခဲကြားမှာနေ့စဉ်ရုန်းကန်သွားလာရတဲ့ပုံစံခွက်ထဲကဘဝတွေ

Verse 2 :
ဒစ်လည်နေတဲ့ဘဝထဲ ကယ်ဆေးမတွေ့ခဲ့
ကံကြမ္မာကလိုချင်တဲ့ကာလာကိုမခြယ်ပေးသ၍
ဆက်ဒိုးနေရမှာပဲလေ ဖြစ်နိုင်ချေနည်းတဲ့အိပ်မက်ကိုပုတ်ခတ်ပြီး
ရှယ်သွေးအေးတဲ့ပတ်ဝန်းကျင်ကြားမှာ Do or Die မယ့်
အနုပညာအတွက်ကကောဘယ်စျေးပေးလဲ
ကျင်လည်တဲ့အသိုင်းအဝိုင်းအကျဉ်းလေးကနေစမည့်ဘဝက
ဝါသနာအတွက်အထောက်ပံ့နည်းတော့ချပြနိုင်တဲ့အားမညီမျှသမျှ
ဖြစ်တည်မှုကိုလက်ခံရမယ်…That’s right
ဆုတောင်းတိုင်းဘုရားသည် မ စ ပြီး မင်းကြိုးစားညှိနေတဲ့အရာတွေကအနားညီသွားမလား
ဘယ်ကောင့်ကိုအပြစ်တင်ရမလဲမသိတဲ့
ကံကြမ္မာထဲနစ်ဝင်လာခဲ့သည့်နောက်မှာဆန္ဒတွေလုပ်နိုင်စွမ်းထက်ဖြစ်ချင်တာပဲ ရှိ
တစ်ဖက်ကတည်ဆောက်သမျှတစ်ဖက်ကပြန်ယိုင်နေတိုင်းမှာခက်တယ်
အိပ်မက်အတွက်ပင်ပန်းသမျှကျော်လွန်ပြီခံနိုင်ရည်အတိုင်းအတာထက်
လွန်ဆွဲဒွန်တွဲနေတဲ့အရာများအဆင်ပြေအောင် တကူးတကညှိ
ပန်းတိုင်နဲ့တဖြည်းဖြည်းဝေးသလိုခံစားရ ကိုယ်တိုင်ထပ်ဘယ်သူမှမသိ
မျှော်လင့်ချက်ကိုအဟုတ်လုပ်ကာ ကိုယ့်ကိုယ်ကိုလိမ်နေတာအရှင်းကြီး
မပြည့်စုံတဲ့ဘဝမှာ အနာဂတ်အတွက်လူငယ်တစ်ယောက်ရဲ့အချိန်တွေကအရင်းအနှီး…Yeah!

#KZee #OrdinaryLifes #VisionaireClub

source

36 Comments

  1. ခုကြုံတွေ့နေရတာနဲ့သီချင်းနဲ့ကကွတ်တိပါပဲ ဒီသီချင်းနားထောင်မိတိုင်း မျက်ရည်ကျမိတယ် ကိုယ့်အတွက်ဆိုပေးထားသလိုကို ဖြစ်နေတာ

  2. Rap စာသားကလည်းထိတယ်
    Cho ဆိုဟန် နဲ့ အသံ powe range ကလည်းရှယ် perfect match ဘဲ
    နာမည်ကြီးတွေ ဒီလို creation မလုပ်နိုင်ကြတော့ဘူး အချစ်အလွမ်းတွေဘဲ ပေါ ကုန်ပြီ creation တွေကတော့😢

  3. ဘဝကအစပိုင်းကြမ်းတော့ ချစ်ပါတယ်စိုတဲ့ စောက်ကောင်မတွေ အကုန်ပျောက် နေရာတစ်ခုရောက်တော့ ပြန်လာခြင်တယ်တဲ့….ကြိုးစားကြ ငါ့ကောင်တို့ ဒီမန့်ကိုမြင်ရင်😊🤘

  4. ကျနော်တို့တိုင်းဟာ ကိုယ်ပိုင်အရှိန်အဟုန်နဲ့ ရှေ့ဆက်နေတာမို့လို့ အခြားသူရဲ့ ဘဝပေတံကို ကျနော်တို့ ဘဝပေတံနဲ့မတိုင်းမိဖို့လိုအပ်ပါတယ် Keep Moving, Fighting

Leave a Reply

Your email address will not be published. Required fields are marked *

You might like

© 2026 Cantinho do Vídeo - WordPress Video Theme by WPEnjoy