Visionaire Club Presents
K-Zee – Ordinary Lifes (Prod. by Jerryx)
Music Produced by Jerryx
Mixed & Mastered by Jerryx
Guitar : Thawng Ling
Cajon : Shwe Kyi
Follow Jerryx :
Facebook :
IG :
Follow K-Zee :
Facebook :
IG :
Lyrics :
Verse 1 :
လူမှန်းသိကတည်းက ပုံသွင်းထားတဲ့စနစ်ဆိုးရဲ့
ကမ္ဘာလေးထဲနေရ
မင်းဝါသနာထက် လက်ရေးလှဖို့သာအဓိကစာမရေးဘဲမနေရ
အဲ့ပုံစံခွက်ထဲကနေရင့်ကျက်ဖို့အတွက်ကွာဝေးတဲ့အနေအထား
ဒါမေးဒါဖြေနဲ့ ကြီးပြင်းခဲ့တဲ့အတန်းတင်စာမေးပွဲတွေကြား
အဲ့အတွေးလွဲတွေအား ပြန်မေးခွန်းထုတ်တော့တန်းထဖြေကြမယ်
စာမလုပ်ရင်ချက်ချင်းပဲမင်းတို့လမ်းမှား၍သွားမယ်
အဲ့အတွေးတွေရိုက်ထည့် ဆယ်ကျော်သက်ထိအုပ်ထိန်းမှုအောက်စခန်းချနေရတဲ့
လူငယ်က ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်ဖို့အစွမ်းအစတွေအားနည်း … F**k
ခုလိုအခြေနေမျိုးမှာ ဘာသုံးစားရလဲ
အနာဂတ်ကလုံးဝမလှတဲ့အပြင် ဘဝကလုံးပါးပါး
လဲကျနေတဲ့စိတ်တွေပြန်ရုန်းထမရ
ဘဝအတွက်ဖြေဆိုနေရတဲ့စာမေးပွဲမှာ
ငါလက်ရေးတစ်လုံးမှမလှ
ဖြစ်ချင်တဲ့ဆန္ဒတွေအားလုံး သယ်ထမ်းလို့ရရင်
တတ်တဲ့ပညာအနည်းအကျဉ်းနဲ့ ခြေလှမ်းတွေရှယ်လှမ်းလို့သွားချင်လည်း
လူငယ်ဘဝရဲ့ ၃ ပုံ ၂ ပုံ လောက်မှာ ၁၀တန်းကိုဘဝထင်ခဲ့သမျှ
လက်တွေ့ဘဝထဲခြေဆင်းလာခဲ့ပြီအခု
တကယ်တမ်းဘယ်လိုစတင်မလဲ…Tell Me!
Cho :
ဒီငြီးငွေ့စရာကောင်းတဲ့ ခရီးလမ်းရဲ့အဆုံးက
အိပ်မက်မှတ်တိုင်လေးကိုရောက်ရင် ကျွန်တော့်ကိုနှိုးပါ
ငါမမြင်ချင်တဲ့ဒီဘေးနှစ်ဖက်ရှုခင်းတွေအားရုတ်တရက်
မကြုံနိုင်အောင်မျက်လုံးတို့မှိတ်ခဏတာနှုတ်ဆက်
ဆန္ဒနဲ့ဘဝ တစ်သားတည်းကျဖို့အတွက်အကျပ်ရိုက်နေ
မွန်းကြပ်မှုတို့မောင်းနှင်သမျှ
ငါလိုက်ပါဆက်တိုက်တွေ ဝှက်ဖဲများအထာ တစ်ဆက်ထဲကျတဲ့
အခက်အခဲကြားမှာနေ့စဉ်ရုန်းကန်သွားလာရတဲ့ပုံစံခွက်ထဲကဘဝတွေ
Verse 2 :
ဒစ်လည်နေတဲ့ဘဝထဲ ကယ်ဆေးမတွေ့ခဲ့
ကံကြမ္မာကလိုချင်တဲ့ကာလာကိုမခြယ်ပေးသ၍
ဆက်ဒိုးနေရမှာပဲလေ ဖြစ်နိုင်ချေနည်းတဲ့အိပ်မက်ကိုပုတ်ခတ်ပြီး
ရှယ်သွေးအေးတဲ့ပတ်ဝန်းကျင်ကြားမှာ Do or Die မယ့်
အနုပညာအတွက်ကကောဘယ်စျေးပေးလဲ
ကျင်လည်တဲ့အသိုင်းအဝိုင်းအကျဉ်းလေးကနေစမည့်ဘဝက
ဝါသနာအတွက်အထောက်ပံ့နည်းတော့ချပြနိုင်တဲ့အားမညီမျှသမျှ
ဖြစ်တည်မှုကိုလက်ခံရမယ်…That’s right
ဆုတောင်းတိုင်းဘုရားသည် မ စ ပြီး မင်းကြိုးစားညှိနေတဲ့အရာတွေကအနားညီသွားမလား
ဘယ်ကောင့်ကိုအပြစ်တင်ရမလဲမသိတဲ့
ကံကြမ္မာထဲနစ်ဝင်လာခဲ့သည့်နောက်မှာဆန္ဒတွေလုပ်နိုင်စွမ်းထက်ဖြစ်ချင်တာပဲ ရှိ
တစ်ဖက်ကတည်ဆောက်သမျှတစ်ဖက်ကပြန်ယိုင်နေတိုင်းမှာခက်တယ်
အိပ်မက်အတွက်ပင်ပန်းသမျှကျော်လွန်ပြီခံနိုင်ရည်အတိုင်းအတာထက်
လွန်ဆွဲဒွန်တွဲနေတဲ့အရာများအဆင်ပြေအောင် တကူးတကညှိ
ပန်းတိုင်နဲ့တဖြည်းဖြည်းဝေးသလိုခံစားရ ကိုယ်တိုင်ထပ်ဘယ်သူမှမသိ
မျှော်လင့်ချက်ကိုအဟုတ်လုပ်ကာ ကိုယ့်ကိုယ်ကိုလိမ်နေတာအရှင်းကြီး
မပြည့်စုံတဲ့ဘဝမှာ အနာဂတ်အတွက်လူငယ်တစ်ယောက်ရဲ့အချိန်တွေကအရင်းအနှီး…Yeah!
#KZee #OrdinaryLifes #VisionaireClub
source

❤
ခုကြုံတွေ့နေရတာနဲ့သီချင်းနဲ့ကကွတ်တိပါပဲ ဒီသီချင်းနားထောင်မိတိုင်း မျက်ရည်ကျမိတယ် ကိုယ့်အတွက်ဆိုပေးထားသလိုကို ဖြစ်နေတာ
Rap စာသားကလည်းထိတယ်
Cho ဆိုဟန် နဲ့ အသံ powe range ကလည်းရှယ် perfect match ဘဲ
နာမည်ကြီးတွေ ဒီလို creation မလုပ်နိုင်ကြတော့ဘူး အချစ်အလွမ်းတွေဘဲ ပေါ ကုန်ပြီ creation တွေကတော့😢
ကြိုက်တယ်ဗျာတကယ်စာသားတွေကို
သိပ်ကောင်းတယ် ဒီလိုrap song တွေဆိုတာရှားတယ်🤟🤟🤟🤟🤟
1:58 🎉
❤
❤❤
ရှားရှားပါးပါး အနှစ်တွေ နဲ့ rap songလေး တစ်ပုဒ်
မိုက်တယ် bro.. 👏
ဘဝကအစပိုင်းကြမ်းတော့ ချစ်ပါတယ်စိုတဲ့ စောက်ကောင်မတွေ အကုန်ပျောက် နေရာတစ်ခုရောက်တော့ ပြန်လာခြင်တယ်တဲ့….ကြိုးစားကြ ငါ့ကောင်တို့ ဒီမန့်ကိုမြင်ရင်😊🤘
MTV နဲ့မကြည့်ရတာရင်နာတယ်ကွာ ဇွဲကြီးရာ
ဘဝကလုံးပါး ပါးနေပီ 😮
အနှစ်တွေ😢
Rap for life🔥
ဒီဘဲသိချင်းတွေ စောက်ရမ်းမိုက်တယ်
2026..?
စိတ်ညစ်တိုင်း နားထောင်ဖြစ်တယ်😢
❤
အောက်ခြေက ငါ့ကောင်တွေ💪🤙🤘
ကောင်းလိုက်တာ
လူငယ်တစ်ချို့ရဲ့အသံ
🎉
❤
🙍🏻♂️🙇🏻♂️
စောက်ရမ်းမိုက်တယ်ဗျာ😁
♨️
Nice Song
ttကတွေ့ရင်လာနားထောင်တာ လုံးဝအလွင့်ကြီးပဲ
Fov song😮💨🫶
Sရမ်းကိုကြိုက်တျယ် 🎉🎉💥
ကျနော်တို့တိုင်းဟာ ကိုယ်ပိုင်အရှိန်အဟုန်နဲ့ ရှေ့ဆက်နေတာမို့လို့ အခြားသူရဲ့ ဘဝပေတံကို ကျနော်တို့ ဘဝပေတံနဲ့မတိုင်းမိဖို့လိုအပ်ပါတယ် Keep Moving, Fighting
❤❤❤
လမ်းပျောက်နေတဲ့လူငယ်တေအတွက် 🥺🥺
quality ဆိုတာဒါမျိုးညီကိုတို့
ဒီဘဲက တကယ်ကြမ်းတယ်